Please download the PDF version of this article if you can't read the Burmese texts.
ဒီရက်ပိုင်းမှာ ဧရာဖောင့်ကို ယူနီကုဒ်အဖြစ် ရည်ညွှန်းပြောဆိုနေကြတာ တွေ့ရလို့ ဧရာဟာ ယူနီကုဒ် မဖြစ်ကြောင်းနဲ့ ဘာလို့မဖြစ်ရတာလဲဆိုတာ အတိုပဲ ရှင်းပါမယ်။ ယူနီကုဒ်ဖြစ်ဖို့ -
၁။ ယူနီကုဒ် ကုဒ်ပွိုင့်နဲ့ ကိုက်ညီရပါမယ်။
၂။ ယူနီကုဒ် စာလုံးစီပုံ (Encoding) နဲ့ ကိုက်ညီရပါမယ်။
အပြည်ပြည်ဆိုင်ရာ ယူနီကုဒ်ဇယားမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဗမာစာနဲ့ တခြားတိုင်းရင်းသားစာတွေအတွက်လည်း နေရာ ၁၆၀ လောက် ပေးထားပါတယ်။ အဲဒီအက္ခရာတွေကို အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ရေးအဖွဲ့ဖြစ်တဲ့ ISO က စံသတ်မှတ်ပေးပြီး ယူနီကုဒ် ကွန်ဆိုတီယမ် အဖွဲ့ကြီးက လက်တွေ့အသုံးချလို့ရအောင် Encoding စည်းမျဉ်းတွေကို ချမှတ်ပေးပါတယ်။ ချမှတ်ထားတဲ့ စည်းမျဉ်းအသေးစိတ်ကို ဒီမှာ သွားဖတ်နိုင်ပါတယ်။
Recent comments