Keyboard

Download Unicode Fonts and Keyboards

This page provide download links for Myanmar Unicode fonts and keyboards.

Multi-OS Font : Windows, Mac, Linux 

    Myanmar 3 (Multi-OS Edition) (Recommended*)

Keyboards / Input Methods 

    Keymagic Keyboard     

Input Methods for Unicode

(1) Keyman

Keyman is a software from Tavultesoft. Myanmar3 layout was developed based on Keyman 6.2.176.0 freely redistributable version. Myanmar NLP lab developed Myanmar3 layout.

 

Layout - Myanmar3
OS: Windows
License: LGPL (Keyboard file only ##not the Keyman software)

Myanmar3 Keyboard Layout

ယူနီကုဒ်ဖောင့်တွေကို ရိုက်တဲ့အခါမှာ မြန်မာ၃ဖောင့်အတွက် ဒီဇိုင်းလုပ်ထားတဲ့ ယူနီကုဒ် ကီးဘုတ်လက်ကွက်ဟာ မှတ်သားအရ အလွယ်ဆုံးနဲ့ အရှင်းဆုံး အကျုံ့ဆုံးဖြစ်တာကို သတိထားမိပါတယ်။ မြန်မာစာကို သင်ပုန်းကြီးအတိုင်း ရိုက်လို့ရအောင်လုပ်ပေးထားတဲ့ ဒီလက်ကွက်နဲ့ရိုက်ရင် စာရိုက်တဲ့အမြန်နှုန်း သိသိသာသာ တက်လာတာ သတိထားမိပါတယ်။ မလိုတော့တဲ့ ကီးအပိုတွေ ဖယ်ပြီး ကျုံ့အောင်လုပ်ပစ်လိုက်တဲ့အတွက် အရင့်အရင် လက်နှိပ်စက်၊ ဝင်း၊ ဇော်ဂျီလက်ကွက်တွေနဲ့ ကွဲသွားတာတွေ ရှိပါတယ်။ အဓိက ဝလုံး ယပက်လက် ဂငယ် နေရာတွေ ပြောင်းသွားတာပါ။ မြန်မာစာ စရိုက်တဲ့လူတွေအတွက် ဘယ်လက်ကွက်ထက်မဆို လွယ်ပါတယ်။ တခြားကီးဘုတ်က ပြောင်းတဲ့သူတွေအတွက် နည်းနည်းသတိထားပြီး တစ်ပတ်လောက် ကျင့်ယူလိုက်ရင် ကျွမ်းကျင်သွားမှာပါ။

NHM Keyboard for Unicode

Below texts are written in Unicode encoding. If you can't see it properly, please go to the page "Installing Myanmar Unicode font".

ဒီစာကို ဖတ်လို့ရနေပြီဆိုရင် ကျွန်တော်တို့မှာ ယူနီကုတ်ဖောင့် ရှိနေပါပြီ။ ဖောင့်ကို သေချာမြင်ရပြီးတဲ့နောက် ယူနီကုတ်စနစ်ကို စ ရိုက်သုံးကြည့်ကြပါစို့။

ဇော်ဂျီစာရိုက်စနစ်နဲ့ အကျွမ်းဝင်နေသူတွေအဖို့ လက်ကွက်မတူဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ယူနီကုတ်ကီးဘုတ်ဆော့ဝဲတွေကို ရုတ်တရက်သုံးဖို့ လက်တွန့်နေတတ်ကြပါတယ်။ ဒါမျိုးက လက်ကွက်ရုတ်တရက်ပြောင်းသုံးရင် ဖြစ်တတ်တာ အမှန်ပါပဲ။ စာလုံးတစ်လုံးနှစ်လုံးလောက်လက်ကွက်မှာ ပြောင်းသွားဟာ စာရိုက်သူရဲ့ အမြန်နှုန်းကို သိသိသာသာ နှေးကွေးသွားစေတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ IT ပညာရှင်တစ်ဦးဖြစ်သူ ကိုရာဗီက စည်းမျဉ်းပေါင်းတစ်သိန်းကျော် ပါဝင်တဲ့ Keyboard File ကို ရေးသားခဲ့ပါတယ်။ အဲဒီကီးဘုတ်ဖိုင်ကို အိန္ဒိယက New Horizon Media ဆိုတဲ့ ကုမ္ပဏီက အခမဲ့ ဖြန့်ဝေတဲ့ NHM Writer ကီးဘုတ်ဆော့ဝဲနဲ့ တွဲဖက်အသုံးပြုရပါတယ်။ အဲဒီကီးဘုတ်ဆော့ဝဲကို အင်စတောလုပ်စရာမလိုဘဲ အလွယ်စမ်းသပ်လို့ရအောင် အိတ်ဆောင်ဗားရှင်းလုပ်ထားတာ ရှိပါတယ်။

Subscribe to RSS - Keyboard