ယူနီကုတ်ဖောင့် သွင်းခြင်း - Installing Myanmar Unicode Font

စံသတ်မှတ်ချက်ဖြစ်တဲ့ ယူနီကုတ်ဖောင့်ကို စသုံးချင်တယ်။ ဘယ်က စရမှန်း မသိသူများအတွက် ဒီလမ်းညွှန်ကို ရေးပါတယ်။ ယူနီကုတ်စသွင်းဖို့အတွက် မိမိရဲ့ Windows ဟာ Windows XP SP3, Windows Vista, Windows 7 ဖြစ်ရပါမယ်။

 

၁။ Myanmar NLP က ထုတ်တဲ့ အခမဲ့ လွတ်လပ်ဖောင့်ဖြစ်တဲ့ မြန်မာ၃ ဖောင့်ကို (ဒီလင့်ကနေ) ဒေါင်းလုဒ်ဆွဲချပါ။

 

၂။ mm3.ttf ဆိုတဲ့ ဖိုင်လေးရပါမယ်။ Start Menu > Control Panel > Fonts ကို ဖွင့်ပါ။

 

 

၃။ mm3.ttf ဖိုင်ကို Fonts Folder ထဲကို ဆွဲထည့်ပါ။ သို့မဟုတ် Copy ကူးထည့်ပါ။

 

 

၎။ အခုလို Fonts Folder ထဲမှာ Myanmar3 Regular ဆိုတဲ့ ဖိုင်ရောက်နေပြီဆိုရင် ဖိုင်သွင်းခြင်း အောင်မြင်ပါပြီ။

 

၅။ ဒီစာမျက်နှာကို Reload လုပ်ပါ။ ဒီကစပြီး ယူနီကုတ် နဲ့ ဆက်ရေးသွားပါမယ်။

 

၆။ ဒီ စာကြောင်းကို ဖတ်လို့ရပြီဆိုရင် သင်ဟာ ယူနီကုတ်ဖောင့်ကို အောင်မြင်စွာ ဖတ်ရှုနေနိုင်ပါပြီ။ ဒါပေမယ့် ဝဘ်စာမျက်နှာတော်တော်များများမှာ ဇော်ဂျီနဲ့ ရေးထားတဲ့ စာတွေဟာလည်း ဖတ်မရတော့တာ တွေ့ရပါလိမ့်မယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ Firefox Menu ထဲက Tools > Options > Content ထဲက Default Font ကို Zawgyi-One လုပ်ပေးပါ။

 

အခုအခါ သင်ဟာ ဇော်ဂျီရော ယူနီကုတ်ပါ ဖတ်ရှုနေနိုင်ပါပြီ။ အခုလို အချိန်ကုန်ခံပြီး စမ်းသပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

##ယူနီကုတ်ကိုစရိုက်သုံးဖို့ရန် လက်ကွက်အတွက် ဒီကိုသွားပါ။

Tags: 

Comments

Embeded Zawgyi?

Lionslayer's picture

Hi, Ko MMT, did u embed the Zawgyi font as default font for this site? I found it quite inconvenient to type here when I type with mm3. As I mention before, Zawgyi may be free but not open which means we should stop embedding it into websites. Thanks.

Thanks

Lionslayer's picture

I can see embedding problem was solved. Thanks.

In win10 FB, I can not read Myanmar as correctly

Patrick Huang's picture

After upgrade window 10, in FB, I can not read Myanmar characters as correctly. Also can not type in Myanmar directly. How can I resolve it? Pls advice & thks.

In window 8.1 ver it can look correct and also can direct in FB communication. But after upgrade to win10. It hv a issue and problem.

Best Rgds,
Patrick Huang
Patrick.huang1@msa.hinet.net