Mozilla FireFox Support Translation

Project Description: 

To translate the Firefox Support articles in the Knowledge Base to help thousands of people each week.

Project Members: 

Thar Htet, Potential awsome supporters

Project Type: 

Localization

Project License: 

Creative Commons Attribution Share-Alike License v3.0 or any later version

Mozilla Firefox support site မှာ မြန်မာဘာသာကို support ဘာသာစကားတစ်ရပ်အဖြစ် ၁၈ ရက် ဇန်နဝါရီ ၂၀၁၁ ကစပြီး ထည့်သွင်းလိုက်ပါပြီ။ (ကမ္ဘာ့အရှေ့ပိုင်းတော့ ၁၉ ရက်လောက်ဖြစ်ပါမယ်)

ဒီ စီမံကိန်းမှာ ပါဝင် ဆောင်ရွက်တာဟာ၊ MyanmarLanguage.org မှာသာမဟုတ်ဘဲ၊ အထင်ကရ Firefox software ကိုပါဝင်ကူညီ ဆောင်ရွက်နေကြသူများထဲမှာ ပါဝင်ရာကျပါတယ်။

ပါဝင်ဆောင်ရွက်ဖို့က အလွန်လွယ်ကူပါတယ်။ Support.Mozilla.com မှာမှတ်ပုံတင်၊ Login လုပ်ပြီး မိမိနှစ်သက်ရာ လက်ရှိ Support Article တွေကို ဘာသာပြန်နိုင်ပါတယ်။ ဘာသာပြန်ရာမှာ Locale "MY" ကိုရွေးပြီး ရှိပြီးသား template အတိုင်း ဘာသာပြန်ရုံပါပဲ။ Article တစ်ခု ဘာသာပြန်ချိန် ၅ မိနစ်ကနေ မိနစ် ၃၀ လောက်ကြာနိုင်ပါတယ်။

Global platform ပေါ်မှာ မြန်မာ ဘာသာစကား ပြန့်ပွားရေးအတွက် ကူညီဆောင်ရွက်နိုင်ပါတယ်။  ဒီတစ်ဆင့်ကနေ မြန်မာဘာသာသုံး FireFox browser ကိုဖန်တီးနိုင်ဖို့မျှော်လင့်ပါတယ်။

So..join us and Be Awsome! :)

 

 

Post Tags: 

Comments

Add me on the list

mmlanguage's picture

Hi bro, Thanks for sharing this news. I also will contribute as much as I can.

Tab Title

ကျွန်တော် ပြီးခဲ့တဲ့အပတ်က Firefox v.5 ကနေ v.17 ကို updateလုပ်လိုက်ပါတယ်။ အရင်က Tabခေါင်းစဉ်တွေကို မြန်မာလိုမြင်ရပေမဲ့ အခု လေးထောင့်ကွက်တွေ(အတွင်းမှာ ကုတ်ပွိုင့်နံပတ်တွေနဲ့)ပဲ တွေ့နေရပါတယ်။ ​ဖြေရှင်းနည်းလေး သိပါရစေ။ update လုပ်ခါမှ ပိုဆိုးသွားလား မသိဘူး။