Myanmar Converter Firefox Addon

သံလွင်ဆော့က ကိသ် က ယူ​နီ​ကုတ်​တစ်​မျိုး​တည်း​နဲ့ ဇော်ဂျီ​ရော ယူ​နီ​ကုတ်​ပါ ဖတ်​လို့​ရ​တဲ့ Firefox Addon တစ်​ခု​ရေးထား​တာ ၂​၀⁠၀​၈ လောက်​ကတည်းက ထင်​ပါ​တယ်။ ဒီ​ရက်​ပိုင်း​မှာ Feature အများ​အပြား ထပ်​ထည့်​ပြီး ဗား​ရှင်း​အသစ်​နဲ့ ထပ်​ထုတ်​လိုက်​ပါ​ပြီ။ Firefox Addon ဖြစ်​တဲ့​အတွက် Windows, OSX, Linux အားလုံး​မှာ ကောင်း​ကောင်း အလုပ်​လုပ်​ပါ​တယ်။ သူ့​ရဲ့ ထူးခြား​ချက်​တွေ​ကတော့ -

 

၁။ ယူ​နီ​ကုတ်​ဖောင့်​သာ လို​အပ်​ခြင်း

၂။ ဇော်ဂျီ Encoding ဖြစ်​သည် ယူ​နီ​ကုတ် Encoding ဖြစ်​သည် အလို​အလျောက် သိရှိ​ပြီး ယူ​နီ​ကုတ်​သို့ အလို​အလျောက် ပြောင်း​ပေး​နိုင်​ခြင်း

၃။ အလို​အလျောက်​မ​ပြောင်း​လို​ပါ​က Select မှတ်​၍ ပြောင်း​ပေး​နိုင်​ခြင်း

၄။ ယူ​နီ​ကုတ်​ဖြင့်​ရေး​၍ ဇော်​ဂျီ၊ ဝင်း​အင်း​ဝ​တို့​ဖြင့် အီး​မေး​ပို့​နိုင် ကွန့်​မန့်​ပေး​နိုင်​ခြင်း

၅။ အတိုင်း​အတာ​တစ်​ခု​ထိ စာလုံးပေါင်း​စစ်နိုင်​ခြင်း တို့​ဖြစ်​ပါ​တယ်။

 

အသေး​စိတ်​ကို သူ့​ရဲ့​ဆိုက်မှာ သွား​ရောက်​ဖတ်​ရှု​နိုင်​ပါ​တယ်။

 

Tags: 

Comments