Unicode Cleaner Bookmarklet dedicated to Wikipedians

ယူနီကုတ်သုံးရေးရင် အသုံးပြုတဲ့ ကီးဘုတ်တွေ ကွန်ဗာတာတွေ ကွဲပြားတာကြောင့် နဲ့ အမှတ်တမဲ့ သတိမထားမိတာကြောင့် အောက်ပါအမှားအယွင်းတွေ ဖြစ်တတ်ပါတယ်။ ကွင်းထဲက စာလုံးတွေက အမှန်တွေ ဖြစ်ပါတယ်။

 

၁။ ဥ လုံးကြီးတင်ဆံခတ် (ဦ)

၂။ ဥသတ် (ဉကလေးသတ်)

၃။ ဥရေးချ (ဉကလေးရေးချ)

၄။ သ ရရစ် (ဩ)

၅။ သ ရရစ် သဝေထိုးရေးချ ရှေ့ထိုး (ဪ)

၆။ အသတ် အောက်ကမြစ် (အောက်ကမြစ်အသတ်)

၇။ သုည (ဝလုံး)

 

မျက်မြင်ခွဲခြား နိုင်ဖို့ ခက်တာကြောင့် အကူအညီ ဖြစ်လိုဖြစ်ငြား ဒီ Unicode Cleaner ကို လုပ်ပါတယ်။ ပြထားတဲ့လင့်ကို မောက်စ်နဲ့ဖိဆွဲပြီး ဘရောက်ဆာက Bookmarks Toolbar ပေါ်မှာ လွှတ်ချပါ။

 

ဒီလိုမျိုး စာသားလေး ပေါ်လာပြီဆိုရင်  Google စမ်းသပ်စာမျက်နှာ ကို သွားပါ။ Bookmarks Toolbar ပေါ်က Unicode Cleaner ခလုတ်ကို နှိပ်ပါ။ စောစောက ရေးထားတဲ့ ၇ ချက်နဲ့ မှားနေတဲ့စာလုံးတွေ မှန်သွားတာ တွေ့ပါလိမ့်မယ်။

 

ကဲ ဒီ Bookmarklet လေးကို ဝီကီပီးဒီးယားအတွက် လက်တွေ့ အသုံးချကြည့်ရအောင်။ စာမျက်နှာအသစ်တစ်ခု ဖန်တီးပါ။ စောစောက ပြောထားတဲ့အမှားတွေနဲ့ စာတစ်ကြောင်း ရေးကြည့်ပါ။ အဲဒီနောက် Preview (သို့) နမူနာပြရန် ခလုတ်ကို နှိပ်ပါ။ သတိထားရမှာက အဲလို မနှိပ်ရင် အသစ်ရေးတဲ့စာတွေ ပျောက်သွားပါလိမ့်မယ်။ ဒီနည်းကို စောစောက အမှားတွေ ပါနေတဲ့ ရေးပြီးသား ဆောင်းပါးတွေကို တည်းဖြတ်ဖို့လည်း သုံးနိုင်ပါတယ်။ သူကျတော့ တည်းဖြတ်ရန်ထဲဝင်၊ Unicode Cleaner ကို နှိပ်၊ သိမ်းလိုက်ရင် ရပါပြီ။

Tags: 

Comments

Javascript

Lionslayer's picture

Javascript line is not showing in Bookmarklet link. Plz take a look.

မြန်မာ

Kay Ku's picture

မြန်မာစာချစ်မြတ်နိုးသူ