AIO Myanmar GPL Fonts Package Version 1

မြန်မာ ယူနီကုဒ်ကို အပြည့်အ၀ သုံးထားတဲ့ မြန်မာစာလုံးတွေ အမြောက်အမြား ထွက်လာပြီးတဲ့ နောက်မှာ အသုံးပြုသူတွေ အနေနဲ့ ထွေပြားမှုတွေ အများကြီး ရင်ဆိုင်လာရတာ တွေ့ရပါတယ်။ အင်တာနက် အမြန်နှုံးက နှေးရတဲ့ကြားထဲ Font တွေကို ရဖို့အတွက် သွားနေရတဲ့ ၀က်ဘ်ဆိုက်တွေက မနည်းပါဘူး။ အဲဒီအတွက် အခမဲ့ လွတ်လပ်စွာ အသုံးပြုခွင့်ပေးထားတဲ့ စာလုံးတွေကို တစ်စုတစ်စည်းတည်း ဒေါင်းလုဒ် ရယူနိုင်အောင် လုပ်ပေးထားပါတယ်။

ဒီဗားရှင်းမှာ - Myanmar3, Myanmar3web, Padauk & Parabaik စာလုံးတွေ ပါရှိပါတယ်။ Myanmar3 လက်ကွက်လည်း ပါရှိပါတယ်။
သက်ဆိုင်ရာ ၀က်ဘ်ဆိုက်များနဲ့ လိပ်စာများကိုလည်း အထဲမှာ စာရင်းပြုစု ထည့်သွင်းပေးထားပါတယ်။

Download All In One Free Myanmar Unicode fonts Version 1  412 KB, Zip

Tags: